
အရမ်းချစ်တဲ့ မိန်းမတစ်ယောက်အေုကာင်း
...တကယ်တော့ မြန်မာပြည်ဆိုတာ
အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့
မိန်းမတစ်ယောက်ပေါ့ …
....ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ...
၂၁ ရာစုမှာ internet ကို
ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ ...
....အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး
ညတွေမှာ မီးမလင်းနိင်တဲ့ မိန်းမ ...
....ခဏခဏပြင်ပြီး အညာခံနေရတဲ့
နစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ ...
... ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့
ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့
စက်မူဇုန်ထဲကနေုကုံးဝါးနေတဲ့ မိန်းမ …
...တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့
ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်
လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ ...
...သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်
အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ ...
...ယုတ်မာကောက်ကျစ်ပြီး အုကံပက်စက်လွန်းတဲ့
ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …
...အုပ်ထိန်းသူတွေ ကိုယ်တိုင်က
ပြည့်တန်ဆာဇာတ်သွင်းခြင်းကို
မသိမသာ ခံနေရရှာတဲ့ မိန်းမ ...
... သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်
ပထွေးမျက်နှာကြည့်ပြီး အသက်ငင်နေရရှာတဲ့ မိန်းမ …
... ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်
ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ ...
... ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား
သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ ...
... တကယ်လို့များ ...
သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …
လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး
ပြည့်တန်ဆာပဲဖြစ်နေပါစေ
အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ ...
တကယ်တော့ ...
ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ
စိတ်သောကတွေကြုံတိုင်းမှာ
အဖေကိုလွမ်းဆွတ် ငိုေုကွးတတ်တဲ့
အရမ်းလှပတဲ့ဗီဇတွေကို
ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့
ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ ...
အခုတော့ ကျွန်တော် မိဘသဘောတူထားတဲ့ ချစ်သူ (singapore)
နဲ့ပဲ တွဲနေရတယ်...သူ့ကို မချစ်ပေမယ့်....
အရမ်းချစ်ရတဲ့ ချစ်သူ (myanmar) ကိုဆက်ူပီးလက်တွဲ နေဖို့က ဘယ်လိုမှမဖြစ်နိုင်တာ....
Author : Singapore နဲ့ချစ်သူဖြစ်နေသူတစ်ဦး
ခင်စပ်စုငယ်
(ဗမာပြည်ကိုအမြန်ဆုံးပြန်ချင်နေသူ)